KOJAMES.CO.UK
Get to know KJ !
KOJAMES.CO.UK
Get to know KJ !
Get to know KJ !
Get to know KJ !


I value humility, kindness, and courage in everything I do. With over two decades of experience across various industries—especially within the hotel and tourism sector—I bring practical expertise and dedication to every project.
My primary focus is on operations management, strategic advisory for investors, and team development. I truly enjoy meeting new people and unlocking their potential.
Throughout my career, I have been driven by a passion for collaboration and mentorship. I have had the privilege of leading talented teams and helping businesses succeed. I am also proud of my service to the industry, having acted as a Member, an Executive Member, and Secretary General No.2 of the Naypyidaw Hoteliers Association from 2011 to 2019.
Outside of work, I am passionate about reading, writing, travelling, music, and films. I love connecting with others and always enjoy bringing people together in a positive and friendly environment.
မိမိသည် လုပ်ဆောင်သမျှ ကိစ္စရပ်တိုင်းတွင် နှိမ့်ချမှု၊ ကြင်နာမှုနှင့် ရဲရင့်မှုတို့ကို အလေးထား တန်ဖိုးထားသည်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ အပါအဝင် လုပ်ငန်းနယ်ပယ်အသီးသီးတွင် နှစ်ပေါင်း (၂၀) ကျော်ကြာ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများနှင့်အတူ၊ မိမိပါဝင်ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းတိုင်းတွင် လက်တွေ့ကျသည့် ကျွမ်းကျင်မှုနှင့် အလေးထား လုပ်ဆောင်မှုများကို ပေါင်းစပ်ထည့်သွင်းပေးသည်။
မိမိ၏ အဓိက ဦးတည်ချက်မှာ လုပ်ငန်းလည်ပတ်မှု စီမံခန့်ခွဲခြင်း (Operations Management)၊ ရင်းနှီးမြှုပ်နှံသူများအတွက် မဟာဗျူဟာအကြံပေးခြင်း (Strategic Advisory) နှင့် အဖွဲ့အစည်း စွမ်းဆောင်ရည်မြှင့်တင်ခြင်း (Team Development) တို့ ဖြစ်သည်။ မိတ်ဆွေသစ်များနှင့် တွေ့ဆုံရခြင်းကို နှစ်သက်၍ ၎င်းတို့၏ အတွင်းတွင် ကိန်းအောင်းနေသည့်စွမ်းရည်များ ဖော်ထုတ်ပေးရခြင်းမျိုးကိုလည်း အမှန်တကယ် ပျော်ရွှင်ကျေနပ်သည်။
မိမိ၏ သက်မွေးဝမ်းကျောင်း ခရီးတစ်လျှောက်တွင် ပူးပေါင်းဆောင်ရွက်လိုစိတ်နှင့် လက်တွဲခေါ်ယူ လမ်းပြလိုစိတ် (Mentorship) တို့က မိမိအား အစဉ်အမြဲ ရှေ့သို့ ခရီးဆက်စေခဲ့သည်။ ထူးချွန်ထက်မြက်သည့် အဖွဲ့များကို ဦးဆောင်ခွင့်ရခဲ့သလို၊ စီးပွားရေးလုပ်ငန်းများ အောင်မြင်မှုရရှိအောင် ကူညီပေးနိုင်ခဲ့သည့်အတွက်လည်း ဂုဏ်ယူမိသည်။ ထို့ပြင် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နေပြည်တော် ဟိုတယ်လုပ်ငန်းရှင်များအသင်း (Naypyidaw Hoteliers Association) တွင် အဖွဲ့ဝင်၊အလုပ်အမှုဆောင်နှင့် အတွင်းရေးမှူး (၂) အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကာ လုပ်ငန်းကဏ္ဍဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်ခဲ့ခြင်းကိုလည်း အလေးထား ဂုဏ်ယူမိသည်။
လုပ်ငန်းတာဝန်များမှ အားလပ်ချိန်များတွင် စာဖတ်ခြင်း၊ စာရေးခြင်း၊ ခရီးသွားခြင်း၊ ဂီတနှင့် ရုပ်ရှင်များကို နှစ်သက်ခုံမင်သည်။ လူအများနှင့် ထိတွေ့ဆက်ဆံရခြင်းကို မြတ်နိုး၍ အကောင်းမြင်စိတ် လွှမ်းခြုံသည့် ရင်းနှီးဖော်ရွေသော ဝန်းကျင်တွင် လူများစုစည်းပေးရခြင်းကို အမြဲတမ်း ပျော်ရွှင်မိသည်။

အထွေထွေအတွင်းရေးမှူး(၂)၊ အလုပ်မှုဆောင်, အဖွဲ့ဝင် · နေပြည်တော် ဟိုတယ်လုပ်ငန်းရှင်များအသင်း
(NPTHA) ဇန်နဝါရီ ၂၀၁၁ - ဒီဇင်ဘာ ၂၀၁၉ (၉ နှစ်) နေပြည်တော်၊ မြန်မာ။
အသင်းတွင် သက်တမ်း (၃) ခုဆက်တိုက် (၉) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး တာဝန်များကို တိုးမြှင့်ယူ၍ ဆောင်ရွက်ခဲ့သည်။


စာပေနယ်ပယ်စိတ်ဝင်စားမှုကို အလယ်တန်းကျောင်းသားဘဝ ကဗျာရေးစပ်ခြင်းမှ စတင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ ယနေ့အထိ အလွတ်တန်းစာရေးဆရာအဖြစ် ရပ်တည်လျက်ရှိသည်။ ကဗျာ၊ ဝတ္ထုတိုများနှင့် စီးပွားရေးဆိုင်ရာ မိန့်ခွန်းများကို ရေးသားသကဲ့သို့ The Myanmar Times နှင့် ပြည်တွင်းဂျာနယ်များတွင်လည်း ဆောင်းပါးများ ရေးသားခဲ့သည်။
ရွေးချယ်ခံရသောလက်ရာများအချို့ -
